12.22
ကျွန်တော်တို့ ၏ စပ်မိစပ်ရာ
တွေးနေတာတော့ ကြာပါပြီ… ဒီနေ့ သူငယ်ချင်းတွေ ဂျီတော့(ခ)မှာ ဆုံဖြစ်တော့ ပြောပြလိုက်တယ်… မထူးတော့ဘူး… “မင်းက တရား မရှိတဲ့ ကောင်ပဲ” လို့ ဟားရင်လဲ ခံလိုက်မယ်… ထင်ထားသလို မဟုတ်ပဲ သူက ပြန်ပြောလာတယ်.. “အေး… ငါလဲ ဒီလိုပဲပေါ့ကွာ…” တဲ့…
ဟုတ်တယ်… ကျုပ် ၂၁ နှစ် အရွယ်ကို ပြန်ရောက်ချင်တယ်… ပြီးရင် ပြန်မကြီးလာချင်တော့ဘူး… ၂၁ နှစ်မှာပဲ နေချင်တယ်… Forever 21 ပေါ့… ကိုယ့်အတွေးလေးနဲ့ ကိုယ် ပြန်ငြိမ်နေလိုက်တယ်…
မှတ်မှတ်ရရ… ၁၉၉၄ ဒါမှမဟုတ် ၉၅ အချိန်တွေတုန်းက… ကျုပ်တို့တွေ ၁၈ – ၁၉ လောက် တုန်းကပေါ့… သင်္ကြန်တောင် မရောက်သေးဘူး.. အကုန်လုံး ရွပိုးတွေက ထိုးနေပြီ… သံလျှင်မှာ ဂျစ်ကား ပြေးငှားကြ.. စိတ်ကြိုက် ဒီဇိုင်းတွေ ဆွဲ.. အလံတွေ ဘာတွေလုပ်.. အင်္ကျီအဝတ်စားက အစ အသေချာရွေး.. ဟိုကောင်က ဒီကောင့်ဆီက ငှား.. ဒီကောင်က ဟိုကောင့်ဆီက ငှား.. အလုပ်တွေရှုပ်နေလိုက်ကြတာ… ကိုယ်တွေ သောက်မဲ့ အရက်ကျတော့ ဝယ်မထားမိဘူးရယ်…
တကယ်တမ်း လျှောက်လည်တဲ့ မနက်ကျတော့မှ.. သောက်စရာက ဘာမှမရှိ… ဒါနဲ့ပဲ ကြုံရာရပ်လိုက်တော့ တိရိစ္ဆာန်ရုံ ဘေးနားက လမ်းဘေး ကြံရည်ဆိုင်လေးမှာ… ထည့်စရာတောင် ဘာမှ ပါမလာလို့.. ကားပေါ်ပါလာတဲ့ ဂါလံပုံးကြီးထဲ ဘီအီးတွေထည့် ဝယ်လိုက်ကြတယ်… ပုံးကြီးကားပေါ်ရောက်လာတော့ သောက်လိုက်ကြတာ.. ရေငတ်နေတဲ့ နွားတွေလိုပါပဲ… သောက်လိုက်.. ရေပက်ခံလိုက်.. မဏ္ဌ္ဌပ်ပေါ်က ကောင်မလေးတွေကို ငမ်းလိုက်.. အော်လိုက် ဟစ်လိုက် နဲ့ ရန်ကုန်မြို့ကြီးတခုလုံး ပြဲပြဲစင်အောင် လည်ပြီးတဲ့နောက်.. လူလဲ မူးပြဲကွဲနေပြီပေါ့…
တော်ဝင်နှင်းဆီ ဆိုတဲ့ ဆိုင်မှာ နေ့လည်စာ စားဖြစ်ကြတယ်… ဗိုလ်ချုပ်ပန်းခြံမှာ နားဖို့ ထွက်ခဲ့ကြတယ်… ပန်းခြံထဲက မြက်ခင်းပေါ်မှာ လှဲနေရင်းနဲ့ကို အန်ခဲ့ကြတယ်… တယောက်ကို တယောက် ကျောတွေ ပုတ်ပေးကြ.. ရေတွေယူလာပြီး လောင်းပြီး ဆေးကြောပေးကြနဲ့.. နေ့လည်နေ့ခင်းမှာ မနားလိုက်ရပဲ အလုပ်တွေ ရှုပ်ခဲ့ရတယ်… ပြီးတော့လဲ ဘာမှမဖြစ်ခဲ့သလိုနဲ့ ရန်ကုန်မြို့ကြီး ပတ်လည်ဖို့ ပြန်ထွက်ခဲ့ကြပြန်တယ်… ပျော်စရာ သင်္ကြန်ရက်တွေထဲက တစ်ရက်ပေါ့…
သိပ်ကို ပျော်ရွှင်လွတ်လပ်တဲ့ လူငယ်ဘဝရဲ့ နေ့တွေထဲက နေ့တနေ့.. အပိုင်းအစ သေးသေးလေး တခုပဲ ရှိပါသေးတယ်…
ကျုပ် ပျော်လို့မဝသေးဘူး… ကျုပ် အရင်အချိန်တွေကို ပြန်မြင်ယောင်နေတုန်းပဲ… တွေးမိတိုင်းလဲ ပြုံးမိရတာ အကြိမ်ပေါင်း မနည်းဘူးရယ်… ဒီလောက် ပျော်စရာကောင်းတဲ့ လူငယ်တယောက်ရဲ့ ဘဝထဲက ပြန်မထွက်ချင်တာ ကျုပ်တော့ လွန်တယ် မထင်ပါဘူး…
ခေါင်းထဲမှာတော့ “ထာဝရ ၂၁.. ထာဝရ ၂၁” ဆိုပြီး ချာချာလည် နေတယ်… နာရီ လက်တံတွေကလဲ ချာချာလည် နေတယ်… ကျုပ်လဲ တခါတလေ အတွေးထဲက အတိတ်မှာ မြောပြီး ချာချာလည် နေတယ်… ကျုပ်အတွက် တခဏလေးတော့ ၂၁ ပြန်ဖြစ်သွားတဲ့ အချိန်ပေါ့…
Save me God
လမ်းထိပ် စူပါမားကက် ပါကင်လော့ထဲက သစ်ပင်နှစ်ပင်ရယ်.. တစ်ဖြေးဖြေး ငုပ်ဝင်နေတဲ့ နေမင်းကြီးရယ်.. ရွာမလိုနဲ့ အုန့်ဆိုင်းနေတဲ့ တိမ်လိပ်တွေရယ်.. ပေါင်းစပ်ထားတဲ့ အဖြူမဲ ဓါတ်ပုံလေးပါ… “ကျွန်ုပ်ကို ကယ်တော်မူပါ ဘုရားသခင်” လို့ နာမည်ပေးထားပါတယ်…
Read More >>
Originally uploaded by Franklin T..
စနေနေ့ မနက်နိုးလာတော့ ဘာမှလဲ လုပ်စရာ မရှိ.. ငေါင်တောင် ကြောင်တောင်နဲ့ ဝရံတာကို ထွက်လိုက်တော့ လှလှပပ ပန်းနီလေး ပွင့်နေတာကို တွေ့လိုက်ရတယ်… အဆင်သင့် ပါပဲ… ၇-၈ ပုံလောက် အမျိုးမျိုး စမ်းရိုက်ထားတဲ့ အထဲက အကြိုက်ဆုံး ပုံလေးပါ…
ဘဝ လက်တွဲဖေါ်တဲ့… ပထမဦးဆုံး မရှိမဖြစ် လိုအပ်တာတော့ လက်တစ်ဖက် အနည်းဆုံး ရှိရမယ်ပေါ့… ဟုတ်တယ်လေ… ဒါမှလဲ လက်တွဲလို့ ရနိုင်မှာပေါ့…
၁။ ကျနော်က ဟိုကောင် နှစ်ကောင်လို သိပ်ပြီး ဂျီးမများ တတ်ပါဘူး… လူမျိုးမရွေး ဘာသာ မရွေးပါပဲ… ကပ္ပလီမလေးဆိုလဲ Beyonce လောက် ချောရင် ရပါပြီ… ဘိုမလေးဆိုလဲ Jennifer Love Hewitt လောက် ချောရင်ပဲ ကိစ္စမရှိပါဘူး…
၂။ ပညာ အရည်အချင်းကတော့ PhD လောက် ရှိရင်ပဲ လက်ခံနိုင်ပါတယ်…
၃။ သူခြစ် ကိုယ်ခြစ် ဖြစ်ရမယ်ပေါ့… soft pen နဲ့ ခြစ် တာကို ပြောတာပါ…
ကဲ ကဲ… အတည်ပြောပါ့မယ်…
၁။ ကိုယ်နဲ့ ခံစားချက်တွေ တူညီနေမဲ့ ချစ်သူ…
၂။ တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ တည်ဆောက်နိုင်မဲ့ ချစ်သူ…
၃။ ဘဝရဲ့ အတက်အကျ အနှိမ့်အမြင့်တွေ အပေါ် ကိုယ်နဲ့ ရဲရဲ လိုက်ရဲမဲ့ ချစ်သူ…
၎။ စိတ်ဓါတ် တည်ကြည် ဖြောင့်မတ်ပြီး.. သနားကြင်နာတတ်တဲ့ ချစ်သူ…
၅။ ကိုယ်နဲ့ ဝါသနာ မတူရင်တောင်မှ ကိုယ့် ဝါသနာကို နားလည်ပေးနိုင်မဲ့ ချစ်သူ…
ကျန်တဲ့.. ရုပ်ရည်၊ ပညာ အရည်အချင်း၊ အသက်အရွယ် စသည်ဖြင့် ကတော့ ပြောစရာ မလိုတော့ပါဘူး… သူ့ဟာနဲ့သူ ဖြစ်လာတာတွေလို့ပဲ ထင်ပါတယ်… အကျင့်သီလ ကောင်းဖို့သာ အရေးကြီးပါတယ်…