2008
02.10

clouds
Sunset and clouds
Originally uploaded by Franklin T..

၂၀၀၆ ခုနှစ် တောင်ကြီး ကို သူငယ်ချင်းတွေနဲ့ အတူ အလည်ရောက်ခဲ့ပါတယ်… စူဋ္ဌာမုနိဘုရားကို ရောက်တော့ နေဝင်ချိန် ဖြစ်နေပါပြီ… လှလိုက်တဲ့ တိမ်တွေရယ်လေ.. လှေကားထစ်လေးတွေလို တိမ်လွှာတွေ.. ကျနေရောင်ကြောင့် လိမ္မော်ရောင်သမ်းပြီး တောက်နေလိုက်တာ… ကံကောင်းထောက်မစွာနဲ့ ဒီဓါတ်ပုံလေးကို ရိုက်ခွင့် ရလိုက်ပါတယ်… ဓါတ်ပုံလေးကို “ကောင်းကင်ပေါ်သို့ လှေကားထစ်များ” လို့ နာမည်ပေးထားပါတယ်…

2008
02.04

Lines
Lines
Originally uploaded by Franklin T..

တိမ်ထူပြီး မှုန်ကုပ်ကုပ် ဖြစ်နေတဲ့ ဒီတစ်ပတ်ရဲ့ စနေနေ့ ကတော့ တော်တော့်ကို စိတ်လေစရာပါပဲ… အပြင်ထွက်ပြီး ပန်းခြံကိုသွား.. နေဝင်ချိန်လေး အမှီ ဓါတ်ပုံရိုက်ဖို့ ကြိုးစားပေမဲ့လဲ.. လိုချင်သလို ဖြစ်မလာခဲ့ပါဘူး… ဒါနဲ့ပဲ နေ့လည်က အိမ်မှာ စိတ်ကူးပေါက်ပြီး ရိုက်ခဲ့တဲ့ ဒီပုံလေးကိုပဲ ဒီ စနေ အတွက် တင်ပေးလိုက်ပါတယ်.. ဓါတ်ပုံလေးရဲ့ ခေါင်းစဉ်က “စည်းတွေခြားနေ မင်းနဲ့ငါ” ဆိုပြီး ပေးထားပါတယ်… mood ဝင်နေတဲ့ ခေါင်းစဉ်လေးပဲ ပေးဖြစ်လိုက်တာပါ…

တစ်ခြား ဓါတ်ပုံလေးတွေ ကြည့်ချင်သေးတယ်ဆိုရင်တော့ ဒီနေရာမှာ ထပ်ကြည့်နိုင်ပါတယ်…

2008
01.03

ငရဲပြည် အရက်ဖြူဆိုင်

ငရဲသားတွေမှာ ပါးစပ်မပါဘူးဆို၊ ဟုတ်တယ်ဟုတ်

မဲဆောက်မှာ ဝဲပေါက် သလို

ဆပ်ပြာသည် လင်ပျောက်နေတဲ့ သူငယ်ချင်း

ရန်ကုန်မှာ

သောက်ကြွေးတွေတင်

ဖင်ကုတ် ခေါင်းကုတ်

အလုပ်တွေ ရှုပ်နေရတဲ့ သူငယ်ချင်း

ကယ်လီဖိုးနီးယားမှာ

မူးပြဲပြီး

ဒူးကွဲသွားတဲ့ သူငယ်ချင်း

အော့ကလန်မှာ

သတင်းစာစက္ကူတွေနဲ့

Read More >>

2007
12.16

How to activate Akismet plugin for WordPress

WordPress မှာ Akismet ဆိုတဲ့ comment spam filter ပါ ပါတယ်… ပြသနာက WordPress.com မှာ အဲဒီ Akismet plugin ကို activate လုပ်ရင် ဘာမှ အခက်အခဲ မရှိပဲ ချက်ချင်းသုံးနိုင်ပေမဲ့ အပြင် web host တစ်ချို့မှာ တင်ထားတဲ့ WordPress blog ဆိုရင် activate လုပ်မရပဲ အခက်တွေ့ရပါတယ်… အခု ရေးသားထားတဲ့ Howto ကတော့ ဒီလို အပြင် web host တွေမှာ တင်ထားတဲ့ WordPress blog တွေက Akismet plugin ကို ဘယ်လို activate လုပ်ရသလဲ ဆိုတာကို တစ်ဆင့်ခြင်း ရေးထားတာပါ…

၁။ ပထမဆုံးက Akismet ကို သုံးဖို့တွက် WordPress.com API key လိုပါတယ်… WordPress.com မှာ account ရှိတဲ့သူအဖို့ ကိုယ့်အကောင့်ထဲ လော့ဂ်အင် လုပ်ပြီး My Profile ကို သွားလိုက်ရင် စာမျက်နှာရဲ့ အပေါ်ဆုံးနားမှာပဲ API key ကို ပြပေးထားပါတယ်… ကော်ပီကူးလိုက်ရုံပါပဲ… API key မှာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ၁၂လုံး တွဲထားပါတယ်… WordPress.com မှာ အကောင့် မရှိသေးရင်လဲ အခမဲ့ signup လုပ်ပြီး API key ရယူနိုင်ပါတယ်…

၂။ အပြင် web host မှာ တင်ထားတဲ့ blog ထဲကို လော့ဂ်အင်လုပ်ပါ… ပြီးရင် Plugins ကို သွားပါ (Presentation ဘေးမှာ ရှိပါတယ်)… Akismet ကို အက်တီဗိတ် မလုပ်ပါနဲ့ဦး… Plugin Editor ကို အရင်သွားပါ…

၃။ ပိုစိတ်ချပြီး အမှားအယွင်းဖြစ်ရင် ပြန်ပြင်နိုင်အောင် akismet/akismet.php ဆိုတဲ့ အောက်က code တွေကို Notepad ပေါ် ကော်ပီအရင်ကူးထားပြီး save လုပ်ထားလိုက်ပါ… akismet.php ကို backup လုပ်ထားတဲ့ သဘောပါပဲ…

၃။ WordPress.com က ရထားတဲ့ API key ကို ကော်ပီလုပ်လိုက်ပါ… ပြီးရင် akismet.php ထဲက အောက်မှာပြထားတဲ့ စာကြောင်းလေးကို ရှာပါ… အပေါ်နားလေးမှာတင် ရှိပါတယ်…

// If you hardcode a WP.com API key here, all key config screens will be hidden
$wpcom_api_key = ”;

၎။ ကော်ပီကူထားတဲ့ API key ကို ‘ ‘ ကြားထဲ ထဲ့ပေးလိုက်ပြီး Update file ကို နှိပ်ပြီး save လုပ်လိုက်ပါ…

// If you hardcode a WP.com API key here, all key config screens will be hidden
$wpcom_api_key = ‘Your API Key Here’;

၅။ Plugins ကို ပြန်သွားပြီး Akismet ကို activate လုပ်လိုက်ရင် Akismet plugin ကို အဆင်ပြေစွာနဲ့ စသုံးလို့ရပါပြီ…

2007
09.25

Alien invation???

အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခု တက်ဖို့ ချီကာဂိုမြို့ကို တနင်္ဂနွေနေ့မှာ ထွက်လာခဲ့ပါတယ်… သြော်.. ဓါတ်ပုံလေးကို ကြည့်ပြီး ချီကာဂိုကို မရောက်ပဲ.. ဘယ်ဂြိုလ်ပေါ်ရောက်သွားပြီလဲလို့ ထင်နေကြမလားမသိ… ချီကာဂိုကို အသွား၊ လမ်းတစ်ဝက်မှာ လေယာဉ်ကို ဒန်ဗာ (ကော်လိုရားဒိုး)မှာ ပြောင်းစီးရပါတယ်… ဒန်ဗာလေဆိပ်မှာ လေယာဉ်စောင့်နေတုန်း၊ လေယာဉ်ကွင်း ပြူတင်းပေါက်ကနေ ထူးထူးခြားခြား အဆောက်အဦးတစ်ခုကို လှမ်းမြင်ရတော့ ပြူတင်းပေါက်နားကို ကပ်ကြည့်မိပါတယ်… ဒန်ဗာလေဆိပ် အဆောက်အဦး ဖြစ်နေတာကိုး…ဒါနဲ့ပဲ.. ကင်မရာကို မြန်မြန်ထုတ်ပြီး.. အဲဒီ ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ ဆောက်လုပ်ထားတဲ့ လေဆိပ်ကို ဓါတ်ပုံမှတ်တမ်းတင်ထားလိုက်ပါတယ်… တစ်ကယ်တမ်းကတော့ ဒီဒေသရဲ့ နာမည်ကြီး ရော့ကီ တောင်တန်းကြီး တွေကို ကိုယ်စားပြုပြီး နှင်းဖုံးတောင်တန်းပုံ အမိုးတွေကို ဆောက်လုပ်ခဲ့တာလို့ ဆိုပါတယ်… ကျနော့်အတွက်ကတော့ ထူးထူးခြားခြား ဂြိုလ်တစ်ခုခုပေါ်က အဆောက်အဦးတွေလို့ပဲ မြင်နေမိတယ်…