2009
10.19
10.19
နေရောင်ခြည်က လမ်းပေါ်မှာ
လမ်းက ငါ့အပေါ်မှာ
ညတွေမှာ လရောင် ပေကျံဖူး
မယ်ဇလီဖူးသုပ်နဲ့
ကမ္ဘာကြီးကို ခိုးဖူးခဲ့
သွေးသားဖြေဖျောက်ခြင်းနဲ့
ရုပ်ဝါဒ ဆန်ဆန် လွမ်းဖူးခဲ့
တစ်ခါတစ်ခါ
မိမွေးတိုင်းဖမွေးတိုင်း
ရည်းစားစကား ပြောချင်မိတယ်ကွာ
တစ်ခါတစ်ခါ
ရေအရင်ချိုးမလား ထမင်းအရင် စားမလားလို့
ပိုင်စိုးပိုင်နင်း ကြားချင်မိတယ်ကွာ
မပြောချင်တာပြောချင်တာ
မင်း ဘာကြောင့် ဒီလောက် နောက်ကျရတာလဲ
ခိုကလေးတွေကို အစာကျွေးမိတော့လဲ
မင်းသာရှိရင် ပိုကုသိုလ်ရမယ် ထင်မိတာ
မျဉ်းကျားက မကူးမိလို့များ
မင်း ကျောက်တံတား ရောက်နေပြီလား ပူမိတာ
တစ်ကယ်က ဘာမှမဟုတ်ဘူး
နေညိုတိမ်ပြို နေ့တွေထဲ
မင်း ခရီးစဉ် အောင်မြင်ခဲ့ပါသလား
နီးနီးကြည့်၍ နိမ့်နိမ့်ပျံ ခဲ့ပါသည်
ငါ မြတ်နိုးစွဲလမ်းရာ
မင်းရဲ့ ကြီးကောင်ငင်မှု အမွေးအမင်များ ။ ။
ညိုထက်ညို



ချစ်စရာလေးကဗျာလေးက ရည်ရွယ်ပြီးအရေးခံရတဲ့ကောင်မလေးဖတ်ရရင် ပျော်မှာ
တစ်ခါတစ်ခါ
မိမွေးတိုင်းဖမွေးတိုင်း
ရည်းစားစကား ပြောချင်မိတယ်ကွာ…
ကောင်းလိုက်တဲ့ စာသားတွေဗျာ ….
“ရုပ်ဝါဒ ဆန်ဆန် လွမ်းဖူးခဲ့”