2009
11.08

ကျွန်တော်ဘာတွေကို ယုံကြည်ပါသလဲ ? ယုံကြည်တာတွေကတော့ ခပ်များများပါပဲ။

ကံနဲ့ကံ၏ အကျိုးကို ယုံပါတယ်။
ကျွန်တော့်မိဘတွေကို ယုံပါတယ်။
ကျွန်တော့် ချစ်သူကို ကျွန်တော် ချစ်တာ ယုံပါတယ်။
ကျွန်တော့်မှာ သူငယ်ချင်းကောင်းတွေ ရှိတယ်လို့ ယုံပါတယ်။
ဒီမိုကရေစီ စနစ်က နိုင်ငံတခုကို တိုးတက်အောင်လုပ်နိုင်မယ်လို့ ယုံပါတယ်။
ငွေရှိရင် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ်လို့ယုံပါတယ်။
ကေတီဗီ သွားပြီး သီချင်းဆိုရတာ ပျော်ဖို့ကောင်းတယ်ဆိုတာ ယုံပါတယ်။

ယုံကြည်တာတွေ အများကြီးပါပဲ။ ဒါပေမယ့်… သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ယုံကြည်ပါတယ်ဆိုတဲ့ အရာအားလုံးလိုလိုဟာ အချိန် နေရာ နဲ့ အနေအထား အပေါ်မှာ မူတည်နေကြတာ တွေ့ရပြန်တယ်။

ကံဆိုသည်မှာ အလုပ်ဖြစ်သည်။ ဆိုသည်မို့ ကောင်းတာလုပ်တိုင်း အကောင်းဖြစ်ပါလား ? ကိုယ်တွေ့လောကမှာတော့ မသေချာဘူးလို့သာ အဖြေထွက်ပါတယ်။

ကျွန်တော့်မိဘတွေ သားသမီးအပေါ်မှာ ချစ်တာ ကောင်းစေချင်တာ သေချာ ယုံကြည်ပါတယ်။ ဒါပေမယ့် ကိုယ့်သားသမီး ကိုယ်ပြန်ရောင်းစားတဲ့ မိဘမျိုးကိုလဲ တွေ့ဖူးခဲ့တယ်။

ကျွန်တော့်ချစ်သူ ကို ကျွန်တော်ချစ်တာ ကျွန်တော်အသိဆုံးပေါ့.. ဟုတ်ဘူးလား :D ။ ဒါလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ သက်ဆုံးထိတိုင်တွေ ထာဝရတွေ ခဏထားလိုက်ဦး နောက်အနှစ် 10 လောက်ကြ တမျိုးမဖြစ်ဘူးလို့ အာမမခံရဲပြန်ဘူး :P ။ (သူ့သွားမပြောနဲ့နော်)

သူငယ်ချင်းတွေ.. ကောင်းကြပါတယ် သူအခက်ခဲရှိ ကိုယ်ကူညီ၊ ကိုယ်အခက်ခဲရှိ သူကူညီ။ အင်း.. ဒါရော သေချာရဲ့လား ?

ယုံကြည်တဲ့ နိုင်ငံရေးစနစ်.. ဒါလဲ သိပ်မဟုတ်သေးဘူး။ တရုပ်ပြည် ဒီမိုမှ မဟုတ်ပဲဟ။ ဒါမယ့် တီလုပ်တွေ ထောနေတာပဲရော်..

ဟုတ်ကဲ့.. အဲဒီလို ရောက်တတ်ရာရာတွေ တွေးပြီး နောက်ဆုံးမှာတော့ ယုံကြည်တာ တခုတော့ ကျန်ခဲ့ပါတယ်။ အနိစ္စ မြဲခြင်းမရှိ ဆိုတာကိုတော့ ကျွန်တော် အကြွင်းးမဲ့ ယုံကြည်ပါတယ် ခင်ဗျား။ ။

  1. ကောင်းကောင်းလေး ရေးပေးလို့ တော်တော်လေး ကျေးဇူးတင်သွားပြီ… နောက်ဆုံးအချက်က ယုံမယုံပြောရမယ့် ကိစ္စကိုမဟုတ်ဘူးထင်တာပါပဲ.. အမှန်တရားကြီးဆိုတော့လေ

  2. ကျွန်တော့် လက်ရှိ ယုံကြည်ထားတာတွေဟာ အချိန် အနေအထား နဲ့ ရှုထောင့် ကို မူတည်ပြီး အမြဲပြောင်းလဲ နေလိမ့်မယ် ယုံကြည်လို့ အနိစ္စ မြဲခြင်းမရှိ နဲ့ တင်စားထားတာပါ :)

  3. စာလာဖတ်သွားတယ်ညီလေးရေ

  4. မြူး၂ကြွ၂လေးတွေ မဖတ်ရတာကြာပြီး လန်းတယ် :) ယုံကြည်မိတဲ့ အရာတွေကလည်း အခြေနေနဲ့ အချိန်ခါမှာ အများကြီးပြောင်းလဲ သွားနိုင်တာပဲနော့် ဆြာ အနိစ္စကို မြဲအောင် ကြိုးလေးနဲ့ ချိတ်ထားလိုက် ။