11.22
“ချစ်တဲ့သူရေ
ငါသေခဲ့ရင်၊ ကမ္ဗည်းတင်ပါ
ဖြူလွင့်ထုံးဝါ၊ ငါ့ဂူမှာလေ
တခါတလေ၊ ချစ်သူတွေပင်
မပြေဒေါသ၊ စိတ်ကောက်ကြသလို
လောကကြီးကို၊ အပြစ်ဆိုရင်း
ကိုယ်လည်း စိတ်ကောက်သွားတယ်…လို့”
ရောဘတ်ဖရော့စ်
“စကားမိုးထူလျက် သေမတတ်ဖက်ရင်း ပျော်တာတွေ
ဘုရားကိုးဆူဘက် ရေစပ်မြက်ခင်း ပေါ်မှာလေ
မျက်ရည်စိုတစ်စနဲ့ ငိုကြတာတွေ
အရူးလိုပါပဲလေ…
ပြန်လာမယ် နောက်နောင် အလားအလာနဲ့
သလ္လာဝတီ ကျောက်ဆောင်ကမ်းပါးပေါ်က
ကလေးဆန်ဆန် မောင့်အပေါ်သွေဖည်
သလ္လာမြေယုလွင်ရဲ့ သီချင်းတစ်ပုဒ်
ကဗျာ့ကဗျာ
မာယာကော့စကီး ပြောသလို
ယူရေနီယံ လို စကားလုံးရှာ ရှာတော့လည်း အခက်ပါ
ရတော့လည်း တစ်သက်စာ
“အလှသည် သစ္စာ သစ္စာသည်အလှ” တဲ့
ဂျွန်ကိရဲ့ကဗျာ
မလွမ်းသောမြို့မှာ
သူ့ကိုငါပို့ ငါ့ကိုသူပို့တဲ့
မပူရုပ်နဲ့ အမူလုပ်ခဲ့ချင်သေး
လီနင်သေတော့
ဂေါ်ကီက
သွားပေဦးတော့ မိတ်ဆွေကြီးရေတဲ့
ချစ်တဲ့သူရေ
မလွမ်းသော မျက်ရည်မြစ်နံဘေးမှာ
ခပ်ဝေးဝေးက စောင့်ပေတော့
သမီးနွဲ့ထွန်းရေ
So Far So Good ပေါ့ကွာ
အခုအချိန်ထိတော့ ငါမသေဘူး
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောတဲ့
ကဗျာနဲ့ ကွေကွင်းရခြင်းသည် ငါ့ဒုက္ခကွယ့် ကြားလား ။ ။
ဇော်(ပျဉ်းမနား)



ကဗျာလေးဝေမျှပေးတဲ့အတွက် ကျေးဇူးညီလေးရေ