2009
12.13

ငယ်စဉ်တစ်ကျပ်ဖိုးသုံးကားတန်
ချောင်းကြည့်ပေါက်ထဲက
မျက်လုံးဒေါက်ထောက်တဲ့အလွမ်းဟာ
လက်တွန်းလှည်းပေါ်ေ၀၀ါး
အပေါင်းအသင်းဆိုရေကြည်ရာမြက်နုရာမဟုတ်ခဲ့
ရင်ထဲကဓာတ်ခံနဲ့ချိန်ထားတဲ့မြှားဟာ
သူ့ဘက်လား ကိုယ့်ဘက်လား
သင်္ချီုင်းထဲဖြတ်လျှောက်တော့
ဒီလက်ကိုမြဲမြဲဆွဲထားပါ
ငါ့အသံတွေအေးစက်တောင့်တင်း
ထန်းပင်ကိုထုံးနဲ့ကျင်းကြစဉ်က
ခပ်ဖြည်းဖြည်းမှောင်ပြီ
သောင်ပြင်မှာဟန်ဆောင်ကောင်းတဲ့ငါ့အစ်ကို
ပုဆိုးလေးပုံပြီးမြစ်ထဲဆင်းသွား
အကြာကြီး
အကြာကြီး
အကြာကြီး
နောက်မျက်နှာကိုလက်နဲ့အုပ်ပြီးပေါ်လာ
ကြောက်စိတ်ဟာစိုးရိမ်တတ်တဲ့အကျင့်ပါးပါးလေး
အဲဒါလေးကျကွဲသွားမှာ
နောက်နောင်ငါ့ရှပ်ဒိုးပြားတွေယူမဆော့နဲ့
နောက်နောင်ငါ့စာအုပ်တွေယူမကြောင်နဲ့
နောက်နောင်ငါ့ဘောင်းဘီရှည်ယူမ၀တ်နဲ့
ဒီလိုနဲ့တစတစဝေးကွာ
မင်းအေစီဟာငါ့ရိုးမားကိုယှဉ်နိုင်ပါ့မလား
တစတစနဲ့ဝေးကွာ
မင်းချစ်သူဟာ ငါ့အကြည့်ဒဏ် ခံနိုင်ပါ့မလား
တစတစနဲ့ ဝေးကွာ
အသက်ဆိုတာပေါင်းရမလားနှုတ်ရမလား
ငါသောက်တဲ့အကျင့်မင်းမကြိုက်သလို
မင်းစွဲတဲ့ဆေးလိပ်လဲငါမမက်ဘူး
အုတ်ခံဘေးခပ်ထွေထွေ
နောက်ပုခုံးပေါ်လက်တင်ပြီးစကားများ
သီချင်းတွေဆူညံ
ငါအော်ငိုခဲ့တဲ့“ဂန္တ၀င်မမ”
မှတ်မှတ်ရရတော့ မင်းအဲဒီစာအုပ်ပြန်မပေးခဲ့ဘူး
အခုရက်တွေအတော်လွန်ခဲ့ပြီ
ဂစ်တာကခြောက်ကြိုးဟာလဲဆွေးခဲ့ပြီ
နှစ်တွေအတော်ကြာခဲ့ပြီ
အိမ်နောက်ကမန်ကျည်းညိုလဲအိုခဲ့ပြီ
ဦးလေးပြောသလိုဆိုရင်တော့
မင်းလဲဗီဇာကျ သွားခဲ့တာပေါ့ ငါ့အစ်ကို
ဘုရားစင်ပေါ်အမွှေးတိုင်ဟာရနံ့ထွက်လောင်ကျွမ်း
မင်းမြေပုံဘေးဒူးထောက်ပြီးငါဒါကိုရေးချင်တယ်
ကမ္ဘာခေါင်မိုးပေါ်ဆိုက်တဲ့ကပ်ထဲ
ငါဟောသည်စာသားရေးချင်တယ်
လူကိုလူချင်းမှမယုံကြည်ကြရင်
ငါတို့ဘယ်နတ်ဒေ၀တာကိုကိုးစားမလဲ
အချစ်နဲ့အမုန်းကြား
အကြင်နာများကြပါစေသား ။ ။

ခုခံအားကျဆင်းမှုဖြင့်ဆုံးပါးသွားသောတစ်ယောက်သောသူသို့
သားဦး
မြှားနတ်မောင်
oct 02

  1. ဖတ်ကောင်းကောင်းနဲ့ဖတ်လာတာ ဘာကိုပြောချင်းမှန်းသိတာမဟုတ်ဘူး.. အောက်က စာကြွင်းကိုမြင်မှ သြော်.. ဆိုပြီး တစ်ခေါက်ထပ်ဖတ်တော့မှ ရေးတေးတေးလေး သိလာတာ.. ခုတစ်ခေါက်ထပ်ဖတ်တော့ တော်တော်ကြိုက်သွားပြီ….

    “အချစ်နဲ့အမုန်းကြား အကြင်နာများကြပါစေ”.. အဲဒီအတိုင်း စိတ်လိုလက်ရ ဆုတောင်းပေးပါတယ်.. တစ်လောကလုံးအတွက်ပေါ့

  2. အချစ်နဲ့ အမုန်းကြား အကြင်နာများ များကြပါစေသား အဲ့စာသားလေးကို ရွတ်ကြည့်သွားတယ် ကိုညိုထက်ရေ ။

    ခုခံအားကျဆင်းမှုဖြင့်ဆုံးပါးသွားသောတစ်ယောက်သောသူ ညတစ်ယောက်လည်း ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးသွားပါတယ် .။