2010
01.08
01.08
ကျွန်တော် အင်တာနက် စသုံးတတ်ကတည်းက အမုန်းဆုံး ၂ ခု ရှိပါတယ်။ တစ်ခုက browser မှာသုံးတဲ့ toolbar ပေါင်းစုံကို အတင်း အင်စတော လုပ်ခိုင်းတာနဲ့ နောက်တစ်ခုကတော့ webpage တွေ ဖွင့်လိုက်ရင် တက်တက်လာတဲ့ ကြော်ငြာ pop-up တွေပါပဲ။ toolbar က ပရိုဂရမ်တခုခု အင်စတောလုပ်မှသာ ပါလာတတ်တာကြောင့် သတိထားလို့ လွယ်ပေမယ့် pop-up တွေကတော့ တော်ယုံနဲ့ ရှင်းလို့မရပါဘူး။ အခုနောက်ပိုင်း ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ဖွင့်လိုက်တိုင်း pop-up တွေ တက်တက်လာတာ သတိထားမိပါတယ်။ ဘာကြောင့် အဲဒီ pop-up တွေ တက်လာရသလဲဆိုတာ စစ်ကြည့်လိုက်တော့ မထင်ထားတဲ့ တရားခံကို တွေ့ပါတော့တယ်။ သူကတော့ ကျွန်တော် ဘလော့ဂ် စလုပ်ကတည်းက မပါမပြီး CBox ပါပဲ။ ဘလော့ဂ်မှာ Cbox ထားတာ သဘောကျပေမယ့် pop-up ဒါဏ်ကို မခံနိုင်လို့ ခုချိန်ကစပြီး Cbox ကို ဖြုတ်ထုတ်လိုက်ပါတော့မယ်ခင်ဗျား။



ဆီပုံးက မရှိမကောင်း ရှိမကောင်းပါ ဆြာ ရာ ဖြုတ်လိုက်တော့လည်းမျက်စိရှင်းသွားတာပေါ့း)
ဟောတော့ ကြော်ငြာမတက်တဲ့စီဗုံးရှိတယ်လေ… shout mix chatသုံးကြည့်ပါလား
ဟုတ်ပါရဲ့ မဖြုတ်ပါနဲ့ဗျာ ။ အားမပေးချင်ဘူး။ ဆီဗုံး မရှိလို့ ဘယ်လိုပြောရမလဲတောင်မသိ တော့ပါဘူး ဗျာ ။