06.28
တွေးနေတာတော့ ကြာပါပြီ… ဒီနေ့ သူငယ်ချင်းတွေ ဂျီတော့(ခ)မှာ ဆုံဖြစ်တော့ ပြောပြလိုက်တယ်… မထူးတော့ဘူး… “မင်းက တရား မရှိတဲ့ ကောင်ပဲ” လို့ ဟားရင်လဲ ခံလိုက်မယ်… ထင်ထားသလို မဟုတ်ပဲ သူက ပြန်ပြောလာတယ်.. “အေး… ငါလဲ ဒီလိုပဲပေါ့ကွာ…” တဲ့…
ဟုတ်တယ်… ကျုပ် ၂၁ နှစ် အရွယ်ကို ပြန်ရောက်ချင်တယ်… ပြီးရင် ပြန်မကြီးလာချင်တော့ဘူး… ၂၁ နှစ်မှာပဲ နေချင်တယ်… Forever 21 ပေါ့… ကိုယ့်အတွေးလေးနဲ့ ကိုယ် ပြန်ငြိမ်နေလိုက်တယ်…
မှတ်မှတ်ရရ… ၁၉၉၄ ဒါမှမဟုတ် ၉၅ အချိန်တွေတုန်းက… ကျုပ်တို့တွေ ၁၈ – ၁၉ လောက် တုန်းကပေါ့… သင်္ကြန်တောင် မရောက်သေးဘူး.. အကုန်လုံး ရွပိုးတွေက ထိုးနေပြီ… သံလျှင်မှာ ဂျစ်ကား ပြေးငှားကြ.. စိတ်ကြိုက် ဒီဇိုင်းတွေ ဆွဲ.. အလံတွေ ဘာတွေလုပ်.. အင်္ကျီအဝတ်စားက အစ အသေချာရွေး.. ဟိုကောင်က ဒီကောင့်ဆီက ငှား.. ဒီကောင်က ဟိုကောင့်ဆီက ငှား.. အလုပ်တွေရှုပ်နေလိုက်ကြတာ… ကိုယ်တွေ သောက်မဲ့ အရက်ကျတော့ ဝယ်မထားမိဘူးရယ်…
တကယ်တမ်း လျှောက်လည်တဲ့ မနက်ကျတော့မှ.. သောက်စရာက ဘာမှမရှိ… ဒါနဲ့ပဲ ကြုံရာရပ်လိုက်တော့ တိရိစ္ဆာန်ရုံ ဘေးနားက လမ်းဘေး ကြံရည်ဆိုင်လေးမှာ… ထည့်စရာတောင် ဘာမှ ပါမလာလို့.. ကားပေါ်ပါလာတဲ့ ဂါလံပုံးကြီးထဲ ဘီအီးတွေထည့် ဝယ်လိုက်ကြတယ်… ပုံးကြီးကားပေါ်ရောက်လာတော့ သောက်လိုက်ကြတာ.. ရေငတ်နေတဲ့ နွားတွေလိုပါပဲ… သောက်လိုက်.. ရေပက်ခံလိုက်.. မဏ္ဌ္ဌပ်ပေါ်က ကောင်မလေးတွေကို ငမ်းလိုက်.. အော်လိုက် ဟစ်လိုက် နဲ့ ရန်ကုန်မြို့ကြီးတခုလုံး ပြဲပြဲစင်အောင် လည်ပြီးတဲ့နောက်.. လူလဲ မူးပြဲကွဲနေပြီပေါ့…
တော်ဝင်နှင်းဆီ ဆိုတဲ့ ဆိုင်မှာ နေ့လည်စာ စားဖြစ်ကြတယ်… ဗိုလ်ချုပ်ပန်းခြံမှာ နားဖို့ ထွက်ခဲ့ကြတယ်… ပန်းခြံထဲက မြက်ခင်းပေါ်မှာ လှဲနေရင်းနဲ့ကို အန်ခဲ့ကြတယ်… တယောက်ကို တယောက် ကျောတွေ ပုတ်ပေးကြ.. ရေတွေယူလာပြီး လောင်းပြီး ဆေးကြောပေးကြနဲ့.. နေ့လည်နေ့ခင်းမှာ မနားလိုက်ရပဲ အလုပ်တွေ ရှုပ်ခဲ့ရတယ်… ပြီးတော့လဲ ဘာမှမဖြစ်ခဲ့သလိုနဲ့ ရန်ကုန်မြို့ကြီး ပတ်လည်ဖို့ ပြန်ထွက်ခဲ့ကြပြန်တယ်… ပျော်စရာ သင်္ကြန်ရက်တွေထဲက တစ်ရက်ပေါ့…
သိပ်ကို ပျော်ရွှင်လွတ်လပ်တဲ့ လူငယ်ဘဝရဲ့ နေ့တွေထဲက နေ့တနေ့.. အပိုင်းအစ သေးသေးလေး တခုပဲ ရှိပါသေးတယ်…
ကျုပ် ပျော်လို့မဝသေးဘူး… ကျုပ် အရင်အချိန်တွေကို ပြန်မြင်ယောင်နေတုန်းပဲ… တွေးမိတိုင်းလဲ ပြုံးမိရတာ အကြိမ်ပေါင်း မနည်းဘူးရယ်… ဒီလောက် ပျော်စရာကောင်းတဲ့ လူငယ်တယောက်ရဲ့ ဘဝထဲက ပြန်မထွက်ချင်တာ ကျုပ်တော့ လွန်တယ် မထင်ပါဘူး…
ခေါင်းထဲမှာတော့ “ထာဝရ ၂၁.. ထာဝရ ၂၁” ဆိုပြီး ချာချာလည် နေတယ်… နာရီ လက်တံတွေကလဲ ချာချာလည် နေတယ်… ကျုပ်လဲ တခါတလေ အတွေးထဲက အတိတ်မှာ မြောပြီး ချာချာလည် နေတယ်… ကျုပ်အတွက် တခဏလေးတော့ ၂၁ ပြန်ဖြစ်သွားတဲ့ အချိန်ပေါ့…



မကြာမီလာမည် မျှော်ပေါ့….ရေးမယ် ရေးစရာတွေအများကြီးပဲ….
ဝိုး …
ကိုဂူးရဲ့ ၂၁ က လွတ်လပ်ပေါ့ပါးနေလိုက်တာ …။ ဖတ်ရတဲ့သူတောင် နုပျို ပြုံးရယ်မိတယ် … ။
Forever 21 ဆိုတာ မဖြစ်နိုင်ပေမယ့်
တခဏ ၂၁ မှာ ခဏခဏ နားခိုရင်း ပေါ့ပါး ပျော်ရွှင်ပါစေ လို့  ဆုတောင်းပါတယ်..။
ဗိုလ်ချုပ်ပန်းခြံ မြက်ခင်းတွေ ညစ်ပေအောင် လုပ်တဲ့ အတွက်တော့ အရေးယူရလိမ့်မယ် …။
Wow….. တစ်ယောက်တော့ ဖွင့်ချလိုက်ပြီး ဟားဟား မိုက်နေတာပဲ အခုကော Forever 31 လည်းရသေးတာပဲ ကိုဂူဂူးရာ အားမငယ်ပါနဲ့  ကဲပြစ်
နောက်တစ်ခါ Forever 61 ဆိုမှ တစ်ခါပြန်လွမ်းနေရအုံးမယ် ။
အတော်ညစ်ပတ်တဲ့ကောင်တွေဘဲ။ သောက်ပြီးအန်တယ်တဲ့။
တော်သေးတာပေါ့။ အန်ဖတ်စို့ပြီး မသေသွားလို့။ သေသွားရင် forever 18 နဲ့ ပြီးသွားမှာ။
ဒါနဲ့အဲဒီအရိုးခေါင်းအလံကြီး ဘယ်ရောက်သွားလဲမသိဘူး။ တကောင်ကောင်ဆီမှာများ ရှိဦးမလား။
ုဟုတ်တယ်
ကျွန်မလည်း Forever ၂၁ မဟုတ်တောင် Forever under 25 ဖြစ်ချင်တယ်…
၂၅ နှစ် မကျော်ချင်ဘူး… လုပ်ကြပါအုံး
sure…,we want to get back our golden times…
Me too.. my friend…I miss our time in Chaung Thar….