2008
02.13

ဘဝ လက်တွဲဖေါ်တဲ့… ပထမဦးဆုံး မရှိမဖြစ် လိုအပ်တာတော့ လက်တစ်ဖက် အနည်းဆုံး ရှိရမယ်ပေါ့… ဟုတ်တယ်လေ… ဒါမှလဲ လက်တွဲလို့ ရနိုင်မှာပေါ့… :P

၁။ ကျနော်က ဟိုကောင် နှစ်ကောင်လို သိပ်ပြီး ဂျီးမများ တတ်ပါဘူး… လူမျိုးမရွေး ဘာသာ မရွေးပါပဲ… ကပ္ပလီမလေးဆိုလဲ Beyonce လောက် ချောရင် ရပါပြီ… ဘိုမလေးဆိုလဲ Jennifer Love Hewitt လောက် ချောရင်ပဲ ကိစ္စမရှိပါဘူး…
၂။ ပညာ အရည်အချင်းကတော့ PhD လောက် ရှိရင်ပဲ လက်ခံနိုင်ပါတယ်…
၃။ သူခြစ် ကိုယ်ခြစ် ဖြစ်ရမယ်ပေါ့… soft pen နဲ့ ခြစ် တာကို ပြောတာပါ…

ကဲ ကဲ… အတည်ပြောပါ့မယ်…

၁။ ကိုယ်နဲ့ ခံစားချက်တွေ တူညီနေမဲ့ ချစ်သူ…
၂။ တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ တည်ဆောက်နိုင်မဲ့ ချစ်သူ…
၃။ ဘဝရဲ့ အတက်အကျ အနှိမ့်အမြင့်တွေ အပေါ် ကိုယ်နဲ့ ရဲရဲ လိုက်ရဲမဲ့ ချစ်သူ…
၎။ စိတ်ဓါတ် တည်ကြည် ဖြောင့်မတ်ပြီး.. သနားကြင်နာတတ်တဲ့ ချစ်သူ…
၅။ ကိုယ်နဲ့ ဝါသနာ မတူရင်တောင်မှ ကိုယ့် ဝါသနာကို နားလည်ပေးနိုင်မဲ့ ချစ်သူ…

ကျန်တဲ့.. ရုပ်ရည်၊ ပညာ အရည်အချင်း၊ အသက်အရွယ် စသည်ဖြင့် ကတော့ ပြောစရာ မလိုတော့ပါဘူး… သူ့ဟာနဲ့သူ ဖြစ်လာတာတွေလို့ပဲ ထင်ပါတယ်… အကျင့်သီလ ကောင်းဖို့သာ အရေးကြီးပါတယ်…

  1. သူခြစ်..ကိုယ်ခြစ်နဲ့ အစင်း…ကိုယ်စီဖြစ်နေကြဦးမယ်…။ ဟဲ..ဟဲ..လူပြိုကြီးတွေ ကံပွင့်ပါစေလို့ ဆုတောင်းပါတယ်ရှင့်…။

  2. ဟီး .. လေးမရေ
    ပျော်နေတယ်
    ကျွန်တော့်ကို မပူနဲ့ ညိုထက်ကို ဆုတောင်းပေးလိုက် လူပြိုကြီးလုပ်မယ် ကြွေးကြော်နေတယ် :P

  3. Soulmate vs. Coffee-Mate
    မိုက်လှချေလားကိုဂူဂူးရ …။ ကြိုက်တယ်ဗျို့  .. အပေါ်က အစ်ကိုကြီးကလည်း
    ကြောငြာတွေချည်း လိမ့်ဝင်နေတာပါလား ဟတ်ဟတ် ..။ :P

  4. သူခြစ် ကိုယ်ခြစ် ဖြစ်ရမယ်ပေါ့လေ…
    ကပ္ပလီမလေးပေါ့လေ..ဟားဟား ကြောက်စရာကြီးး.
    ဂျီးများမနေနဲ့ တော့ ….အရွယ်လွန်အချစ်ဆိုတာ သီချင်းထဲမှာသာ နားထောင်ကောင်းတာ……….
း) ဆရာလုပ်ကြည့်တာ စိတ်မချိုးနဲ့ ……