2008
02.25
02.25
Save me God
လမ်းထိပ် စူပါမားကက် ပါကင်လော့ထဲက သစ်ပင်နှစ်ပင်ရယ်.. တစ်ဖြေးဖြေး ငုပ်ဝင်နေတဲ့ နေမင်းကြီးရယ်.. ရွာမလိုနဲ့ အုန့်ဆိုင်းနေတဲ့ တိမ်လိပ်တွေရယ်.. ပေါင်းစပ်ထားတဲ့ အဖြူမဲ ဓါတ်ပုံလေးပါ… “ကျွန်ုပ်ကို ကယ်တော်မူပါ ဘုရားသခင်” လို့ နာမည်ပေးထားပါတယ်…
8 hrs per day jail
အလုပ်နားက သံဇကာတွေပါ… နေ့လည်စာ စားပြီး သစ်ပင်ရိပ်အောက်မှာ ထိုင်ရင်း အလုပ်က မိတ်ဆွေတွေနဲ့ စကားပြောနေတုန်း.. စိတ်ကူးလေး ရလိုက်လို့ ကားပေါ်က ကင်မရာဆွဲပြီး ရိုက်ထားတာလေးပါ…
Graffiti Proof
မက်ဆီကန် ကုန်စုံဆိုင်လေးရဲ့ အနောက်ဖက် လမ်းကြားလေးပါ… နံရံပေါ်က စိတ်ဝင်စားစရာ ပုံတွေကို အဖြူမဲနဲ့ ရိုက်ထားတာပါ… နံရံပေါ် အရုပ်တွေ စာတွေ လာရေးတတ်တဲ့ လူငယ်တွေ.. ဂိုဏ်းတွေ က ဒီလိုမျိုး ပုံတွေ ရှိနေရင် ဒီမှာ လာမရေးတော့ပါဘူး… ဒါကြောင့် နံရံကို အဖြူမချန်ပဲ ပုံတွေ အပြည့်ဆွဲထားတာပါ…






Graffiti Proof … idea ကို သဘောကျတယ်…။
ကြိုက်တယ်