06.07
တဆင့်ခြင်းတိုးတက်ဖြစ်ပေါ်မှု : အင်တာနက်ခေတ် မတိုင်မှီကတည်းက…
လူငယ်တွေဆီကို မသင့်လျှော်တဲ့ ညစ်ညမ်းမီဒီယာတွေ မရောက်ရှိနိုင်အောင် ထိန်းချုပ်ခြင်းနဲ့ ဆန့်ကျင်ဘက် ကတော့ မီဒီယာတွေရဲ့ လျှင်မြန်လှတဲ့ တိုးတတ်ပြောင်းလဲမှု ပါပဲ။ 1988 မှာ ထုတ်ဝေခဲ့တဲ့ David Hebdicht ရေးသားတဲ့ Porn Gold. Inside the Porn Industry စာအုပ်မှာ အဲဒီအချိန်က လူကြိုက်များနေတဲ့ လိင် ညစ်ညမ်း မီဒီယာတွေနဲ့ တက်နိုလိုဂျီ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပါတယ်။ VHS တွေ စတင် ခေတ်စား ခဲ့တဲ့ 1970 နှောင်းပိုင်းကာလ တွေမှာ ပထမဆုံး sex vdo ဟာ 1977 ကတည်းက ရှိနေခဲ့ပြီး ဒါဟာ ဟောလီးဝုတ်ရဲ့ အစောဆုံး ပုံမှန် ရုပ်ရှင်ဇတ်ကား VHS ပေါ်ရောက်ရှိဖို့ထက် 1 နှစ်တိတိ စောပါတယ်။ အံ့သြဖို့ ကောင်းတဲ့အချက်က လိင်ညစ်ညမ်းမှု အကြောင်းအရာ တွေဆီက မီဒီယာအားလုံးဟာ တိုက်ရိုက်သော်၎င်း သွယ်ဝိုက်၍သော်၎င်း အကျိုးအမြတ် ရရှိနေခြင်းပါပဲ။ မည်သူတစ်ဦးတစ်ယောက် ကမှ ထုတ်ဖော် ၀န်ခံခြင်း မရှိခဲ့ ပေမယ့် သူ့ရဲ့ အကျိုးသက်ရောက်မှုကို ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဥပမာအားဖြင့် 1896 တွင် ပထမဆုံး လိင်ရုပ်ရှင် ဇတ်ကားကို ရိုက်ကူးခဲ့ခြင်း (နယူးရော့ရှိ ပထမဆုံး ရုပ်ရှင်ရုံ ဖွင့်လှစ်ခဲ့ပြီး 2 နှစ်ခန့်အကြာ) ၊ ဓါတ်ပုံရိုက်ကူးခြင်းများ စတင်ခေတ်စားလာခဲ့ပြီး 1865 တွင် အမေရိကန်နိုင်ငံ၏ စာတိုက်မှ ညစ်ညမ်း ဓါတ်ပုံများ ပို့ဝေခြင်းကို ကန့်သတ်သည့် ဥပဒေ ထုတ်ခဲ့ရခြင်း နှင့် အစောပိုင်း စာအုပ်ပုံနှိပ်ခြင်း လုပ်ငန်းများတွင် ဘိုင်ဘယ်လ် တရားစာအုပ်များသာ အရောင်းရဆုံး စာရင်းတွင်ရှိခဲ့သည်မဟုတ်ပဲ လိင်အသားပေးပုံများ ပါရှိသည့် စာအုပ်ဖြူများလဲ ထိပ်ပိုင်းတွေ ရှိနေခြင်း စသည်တို့ကို သတိပြုကြည့် နိုင်ပါတယ်။ အကယ်၍ Porn Gold စာအုပ် အသစ်ထွက်ခဲ့မယ် ဆိုရင် PayTV, HiSpeed Internet, DVD စတဲ့ အကြောင်းအရာတွေကို ဖော်ပြအုံးမှာ အသေအချာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် David Hebdichts ရဲ့ မှတ်ချက်ဖြစ်တဲ့ “လိင်အသားပေး အကြောင်းအရာများနဲ့ ပါတ်သက်တဲ့ တက်နိုင်လိုဂျီ ကို ဟန့်တားပိတ်ပင်တဲ့ နိုင်ငံတိုင်းဟာ သူများထက် နောက်ကျ နေဦးမှာပါပဲ” ဆိုတဲ့ စကားဟာ ယခု အချိန်အထိ မပြောင်းမလဲ မှန်ကန်နေဆဲပါပဲ။


ပုံမှန်စာအုပ်ဆိုင်များ အွန်လိုင်းတွင် ရောင်းချခြင်း မပြုနိုင်ခင် ကာလကတည်းက Erotic industry များဟာ အင်တာနက်မှာ အရှိန်အဟုန် ရနေ ခဲ့ပါပြီ။ အမေရိကန်နိုင်ငံမှ ကမ္ဘာကျော် Playboy စာအုပ်ဟာ အင်တာနက် ပေါ်ကို 1994 ကတည်းက ရောက်ရှိခဲ့ပြီး 1998 တွင် အင်တာနက်မှ လိင်မီဒီယာ များဟာ ၀င်ငွေ သန်းထောင်ချီ ရနေခဲ့ပါပြီ။ သူတို့ အောင်မြင်ခဲ့ရခြင်းက လိင်နဲ့ပါတ်သက်တဲ့ content တင်မကပဲ အဆင့်မြင့် တက်နော်လော်ဂျီ များ အသုံးချနိုင်မှုကလဲ အဓိက အကြောင်းအရာတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ပုံမှန်အိမ်သုံး အင်တာနက် 28K မော်ဒန်များ အသုံးပြုနေဆဲ ကာလကတည်းက သူတို့မှာ မြန်နှုံးမြင့်ဆာဗာများ၊ အရည်သွေးမြင့် ဗီဒီယို encrypt ပြုလုပ်မှုများ၊ ၀က်ဆိုဒ် စာမျက်နှာဆွဲဆောင်မှုနဲ့ user တွေအတွက် အကျိုးပြုနိုင်မည့် ဒေတာဘေ့စ် များ ရှိနေပြီးဖြစ်ပြီး အဲဒီအချိန်က ပုံမှန်ကုမ္ပဏီကြီး အချို့တွေမှာ ကိုယ်ပိုင် ဒိုမိန်းနိမ်း တောင်မရှိကြသေးပါဘူး။

Erotic industry များ၏ရွေးချယ်မှု : အင်တာနက်
Erotic industry များရဲ့ အောင်မြင်မှုက ရုပ်ရှင်နယ်ပယ်မှာ DVD ပြီးနောက်မျိုးဆက် ဘယ်မီဒီယာကို ရွေးချယ်မလဲ ဆိုတဲ့အပေါ်မှာ သြဇာသက်ရောက်မှု များစွာရှိနေပါတယ်။ ယခုအချိန် HD-DVD နဲ့ Blu-ray တို့ရဲ့standard ယှဉ်ပြိုင်မှုကို Erotic Industry များ ဘယ်လိုရွေးချယ်မလဲ အပေါ်မှာ စိတ်ဝင်စားမှု များရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဖြေက စောစီးစွာကတည်းက သတ်မှတ်ပြီးသား ရှိနှင့်ပါပြီ။ Beate Uhse AG (အွန်လိုင်း sex portal ကုမ္ပဏီ) မှ Jan Otzen က “Blu-ray ဖြစ်စေ HD-DVD ဖြစ်စေ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှု ဘာမှ မရှိနိုင်ပါဘူး။ DVD များနဲ့ ရုပ်ရှင်ထုတ်လုပ်မှုဟာ Erotic Industry များအတွက် ခေတ်ကုန်ဆုံးဖို့ အလွန်နီးကပ် နေပါပြီ။ များမကြာခင်မှာ အင်တာနက်ပေါ်က vdo များက အစားထိုး နေရာယူတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှ user များဟာ နောက် 5 နှစ် အတွင်းမှာ sex vdo ကြည့်ဖို့အတွက် ကွန်ပြူတာတောင် အသုံးပြုစရာ မလိုတော့ပါဘူး။ ဆိုဖါပေါ်မှာ သက်တောင့်သက်သာ ထိုင်ပြီး အင်တာနက် ချိတ်ဆက်ထားတဲ့ TV နဲ့ remote ကို အသုံးပြုယုံပါပဲ။” လို့ Erotic industry တွေရဲ့ ရွေးချယ်မှုကို ဖော်ပြခဲ့ပါတယ်။ စီးပွားရေးသမား တစ်ယောက်အမြင်နဲ့ Jan Otzen က IPTV တွေမှ အခြား ၀င်ငွေရှိနိုင်မယ့် ကောင်းကွက်တွေ ဖြစ်တဲ့ ကြော်ငြာ အစီအစဉ်များ ဖန်တီးတင်ဆက်နိုင်မှု၊ vip user တွေအတွက် သီးသန့် အစီအစဉ်များ ဖန်တီးနိုင်မှုများကိုလဲ ဖော်ပြခဲ့ပါသေးတယ်။
Internet : SEX
လွန်ခဲ့တဲ့ 2 Sept 1969 က Bolt Beranek and Newman (BBN) ကုမ္ပဏီမှ အင်ဂျင်နီယာ စခဲ့တဲ့ ပထမဆုံး webpage မှ ALPHANET အဲဒီကမှတဆင့် 90 ခုနှစ်များမှာ Commercal Internet သို့ရောက်ရှိခဲ့တဲ့ Internet ဟာ ယခုဆို သက်တမ်း 38 နှစ် ရှိခဲ့ပါပြီ။ အင်တာနက် စာမျက်နှာ အစပြုခဲ့တဲ့ အင်ဂျင်နီယာ ကများ နောင်ကာလမှာ အင်တာနက် ဘယ်လမ်းကြောင်းပေါ် သွားမယ်ဆိုတာ ကြိုတင် နမိတ် ပြခဲ့လေသလားတော့ မဆိုနိုင်ပါဘူး။ ပထမဆုံး webpage ကို တည်ဆောက်ခဲ့တဲ့ ကွန်ပြူတာရဲ့ OS နာမည်က Sigma Experimental System အတိုကောက်အားဖြင့် SEX ပါတဲ့ ခင်ဗျာ။ ။
source : chip thailand issue 11-2007



” နောက် 5 နှစ် အတွင်းမှာ sex vdo ကြည့်ဖို့အတွက် ကွန်ပြူတာတောင် အသုံးပြုစရာ မလိုတော့ပါဘူး။ ဆိုဖါပေါ်မှာ သက်တောင့်သက်သာ ထိုင်ပြီး အင်တာနက် ချိတ်ဆက်ထားတဲ့ TV နဲ့ remote ကို အသုံးပြုယုံပါပဲ။” အဲ့စက်လေး တစ်လုံးလောက်လိုချင်လိုက်တာ ဟားဟား သေသေချာချာ လေ့လာထားပြီး ဖော်ပြပေးတာ ကျေးဇူးဗျို့  source : chip thailand issue 11-2007 ဆိုတော့ သေချာပြီး Admin က ဦးသင်္ကြန်ပဲ
ဒီလူကြီးပျောက်နေတယ်ထင်တာ အသေအချာလေ့လာပြုစုနေတာကိုး။ ကောင်းပါလေ့ဗျာ။ အခုလိုထူးထူးခြားခြား မှတ်သွားဖွယ်ရာတွေ မှတ်သားသွားရတဲ့အတွက် ကျေးဇူးပါပဲ။
စပ်မိစပ်ရာရေ
လိင်မီဒီယာတွေအကြောင်းရေးဖို့ အတော်လေ့လာထားပုံရတယ်
း)
ပထမဆုံးwebpage ကိုတည်ဆောက်ခဲ့တဲ့ကွန်ပျူတာရဲ့Operating System ကြောင့် အခုခေတ်တိုးတက်နေတဲ့နည်းပညာအကူအညီနဲ့ လိင်မှုဆိုင်ရာမှာလည်း ပိုပြီးတော့အများကြီး ကျယ်ပြန့်သွားတာပေါ့နော် စိတ်ဝင်စားစရာပါပဲ အဲဒီ OS ရဲ့အဓိကဦးတည်ချက်ကဘာတဲ့လဲ မရှင်းလို့ပါ
ကောင်းတယ်ဗျာ….
ဗဟုသုတတွေရလိုက်တယ်…….
ဆက်ရှာဦးဗျို့…………..
ကျွန်တော် ဒီဆိုဒ်လေးကို သဘောကျပါတယ်။အရမ်းလည်းကောင်းပါတယ်။ sexကိုလည်း
ကြိုက်ပါတယ်။ ရုပ်ရှင်လေးတွေကြည့်ချင်သေးတယ်။
ဟေ့ မင်းတို့ဟာကလည်းကွာ
ဟုတ်ကဲ့အခုလိုနာမလည်တာတွေကိုရှင်းပြပေးတဲ့အတွက်ကျေးဇူးပါပဲ၊
ပြောရင်ဆိုရင်နဲ့တဲခိုခန်းတောင်သွားချင်လာပြီ
အဲ့ဒီ လိင် ကားတွေကြည့်ပြီး မိန်းမတောင်ယူချင်လာပြီ။ ဟီးဟီး
ယူဖြစ်ရင်တော့ တစ်ယောက်မကဘူးထင်တယ်။
အင်း ဒါတွေကလည်း တားလို့ဆီးလို့မရတဲ့ ဟာတွေ ဗျ ။ ခက်တာက လူတွေရဲ့ သဘာဝက မကောင်းတာကို
တားလေ ပိုလုပ်ချင်လေ ပဲ့ ဗျ .. ပညာရှိ ဆိုရင်ရော ဆိုပြန်တော့လည်း အလကားပါ ဗျာ လူတိုင်းဟာ လူတွေ
ပဲ့ဆိုတာကို နားလည်ပေးလိုက်ရင် အဆင်ပြေပါတယ် ။ ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး နော် ။တထောင့်
တနေရာကနေ ဝေဖန်ကြည့်တာပါ ။ အခုလို့ ဗဟုသု တရှိတဲ့ ဟာကိုလေ့လာတင်ပြတာကို လည်း ဖတ်ရလို့
ကျေးဇူတင်ပါတယ် ။ ပျော်ရွှင်နိုင်ပါစေ ……..