07.07
WordPress Install ပြုလုပ်ခြင်း အတွက် အပြည့်အစုံ ကြိုးစားတင်ပြထားပါတယ်။ co.cc ဒိုမိန်းနိမ်းနှင့် 000webhost , freehostia တို့ကို ဥပမာတင်ပြထားပါတယ်။ ဒါ့အပြင် မည်သည့် hosting မှာ မဆို install ပြုလုပ်နိုင်အောင်လဲ ကြိုးစားရှင်းပြထားပါတယ်။ စာအုပ်မှာ…
အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း
(၁) Hosting နှင့် ဒိုမိန်းနိမ်း
(၂) DNS update ပြုလုပ်ခြင်း
(၃) Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း
(၄) WordPress manual installation ပြုလုပ်ခြင်း
အခန်း(၂) ။ ။ Changing WordPress Setting
(၁) Profile and Personal Options
(၂) Setting / Permalinks
အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ
(၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း
(၂) WordPress Theme ပြောင်းခြင်း
အခန်း(၄) ။ ။ Plugins
ဆိုပြီး အခန်းခွဲခြား တင်ပြထားပါတယ်။ zip သို့ pdf နှစ်သက်ရာ ဒေါင်းလုပ်ချယူနိုင်ပါတယ်။



ကြိုးစားပမ်းစား လုပ်ထားတာပဲဗျ. ပိုပြီး အပ်ဒိတ် ဖြစ်လာတာပေါ့။ အားထည့်တယ်ဗျာ ကိုသင်္ကြန်ကြီးကတော့။ သိပ်ကောင်းပါတယ်။ နောက် မြန်မာ WP Blog လုပ်ချင်တဲ့ သူတွေ အတွက် သေချာပေါက် အကိုးအကား၊ လက်ကိုင် စာအုပ်ဖြစ်မှာပါပဲ။
ကျေးဇူးပါဗျို့. ဒီစာအုပ် အတွက်.
ကျေးဇူးပါ ကို သင်္ကြန်ရေ။ ကျနော် ဒေါင်းလုဒ် လိုက်ပြီနော်။ blogger က ဘမ်းထားတော့ မြန်မာပြည်က လူတွေကြည့်လို့မရတော့ wordpress နဲ့ cross posting လုပ်မလားလို့ စိတ်ကူးနေတာ။ ဖတ်ကြည့်လိုက်ဦးမယ်။
Wordpress ပြောင်းရေးတော့မလို့ အကိုရေ..
လာ download သွားတယ်
မရှင်းတာလေးတွေကို မေးမယ်နော်
ကျနော်လည်း ဒေါင်းသွားပါတယ် ကိုကြီး ။ ကိုကြီး ဆိုဒ် လေးကိုအရမ်း သဘောကျ အားရကျေနပ် မိပါတယ်။
ကိုကြီး ဆိုဒ်ကို ရောက်တာ အရမ်းကို မျက်စိအေး ရိုးရှင်းလှပါတယ်။ ကျေးဇူးတင်ပါတယ်..