2009
02.08

ဟဲဟဲ… ပို့စ် ခေါင်းစဉ်ကို ကြည့်ပြီး ဘာလဲလို့မတွေးလိုက်ပါနဲ့။ စပ်မိစပ်ရာ ဘလော့ဂ်က keywords တွေပါ။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဘလော့ဂ် လာလည်သူ စာရင်းကို ကြည့်မိတယ်။ January လ စာရင်းမှာ အများဆုံးနေ့က ၁၆၁ အနည်းဆုံးက ၃၂ ပျှမ်းမျှဆိုရင် တစ်ရက်ကို ၅၀ ပါတ်ချာလည် ဆိုတော့ လာလည်သူ အနည်းငယ်ကျသွားတယ် ပေါ့ဗျာ။ ဒါနဲ့ Top Traffic Sources ကို ဆက်ကြည့်လိုက်တော့ Direct ၀င်ကြည့်သူက နံပါတ်တစ်ဖြစ်ပြီး Referring Sites တွေကတော့ ၁။ မောင်မျိုး ၂။ တောကျောာင်းဆရာ ၃။ လေးမ တို့ဖြစ်ကြတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက ဂူဂယ်မှာ ရှာပြီး စပ်မိကို ရောက်လာကြသူတွေပါ။ ပို့စ်ခေါင်းစဉ်ပေးထားသလိုပဲ မိုးဟေကို ၊ လိင် ၊ အင်တာနက် ၊ ကဗျာများ ၊ စပ်မိစပ်ရာ ၊ ဆိုတဲ့ စကားလုံး keywords တွေကိုရှာရင်းနဲ့ ကျွန်တော်တို့ ဘလော့ဂ်ကို ရောက်လာကြတယ်ခင်ဗျ။ Search Engine က တဆင့် ရောက်လာကြသူတွေက ၂၆.၀၈% နဲ့ ဒုတိယ နေရာမှာ ရှိနေတယ်ဆိုတော့ အဲဒီ ကီးဝေါ့တွေကို အတော်လူကြိုက်များပါလား လို့ သဘောပေါက်မိတယ် :P ။ ကျွန်တော် ဘာသာပြန်ဖူးတဲ့ လိင် မီဒီယာများ နဲ့ အင်တာနက် ဆိုတဲ့ ပို့စ်က ဒေတာ တွေ မမှားဘူး ဆိုတာ သက်သေပြနေတာပေါ့နော့် :D ။ ဘလောဂ်ရေးတာ လာလည်သူနည်းနေတာနဲ့ လိုင်းပြောင်းလိုက်ရင်တောင် ကောင်းလေမလားပဲ :D :D

 

  1. မောင်မျိုးဆီကတဆင့် လာဖြစ်တာများတယ်..။
    ဒီတသ်ခါတော့ ကိုအောင်သာငယ်ဆီက…။ :P :P

  2. ပန်ဒိုရာဆီက တဆင့် လာလို့ရအောင် သေသေချာချာ ထပ်လင့်ခ် ထားလိုက်တယ်။ ပို့စ်သစ်တင်တိုင်းပေါ်အောင်ပေါ့။
    များလာရင်ပြော။ ကော်မရှင်ကောက်မယ်။

  3. ဆြာ..ကျနော့်ဆီက လာတာများတယ်ဆိုတော့ ကြော်ငြာခပေး :P

    ကိုညိုထက် ကျေးဇူးနဲ့ မိုဟေကိုကြောင့် လူသိပိုများလာတာပဲ :)

  4. sin dan lar လာလည်တာ ကျေးဇူးပါဗျ။ အဲလို အခြား ဘလော့ဂ်တွေကနေ ရောက်တာက နံပါတ် ၃ မှာ ရှိတယ် :)

    ကျေးဇူးပါ မပန်ရေ… ရပ်ကွက်ထဲက လူတွေပဲနော့် :) ဘလော့ဂ် hosting ခဏခဏ ပြောင်းတော့ လင့်ခ်တွေ ပြန်ထည့်ဖို့ကို ပျင်းနေတာရယ် RSS widget မှာ ပြသနာ နည်းနည်း တတ်နေတာရယ်ကြောင့် လင့်ခ် အတွက်မလုပ်ရသေးဘူး။ ဟီးးး.. အားနာစရာ :P ။ ကော်မရှင် အတွက် ကတော့ ညီမောင်မျိုးကို ပြောသလိုပေါ့ဗျာ :D

    ညီ မောင်မျိုးရေ ကြော်ငြာခ ကတော့ Google Ads မှာ 0.00$ ဆိုတာ့ ခဏစောင့်ဦး။ 0.01$ ဒေါ်လာ ရပြီးဆိုရင် အားလုံးကို ခွဲပေးမယ် :D

  5. ခေါင်းစဉ်ကြည့်ပြီး ဘာလဲလို့  ပြေးဖတ်မိတာတော့ အသေအချာပဲ…။ ဒီဘလော့ဂ်က အဲလို ပညာပေးလေးတွေ ရေးတတ်တော့ ပြေးကြည့်မိတာပါ…။

    ဘယ်လို စာမျိုးကို လူတွေ ရှာဖွေလေ့ရှိသလဲဆိုတာ ဆန်းစစ်ပြီးပြီဆိုတော့ … အစ်ကိုကြီးတို့  ဘာလိုင်းရေးကြမှာလဲ ညီမလေး လေးမ သိချင်တယ်…။

  6. ဟားဟား… လေးမကတော့ တကယ့်ကောမန့်ရေးကောင်းသူပါပဲ။ ဘယ်လိုလိုင်းပြောင်းရမယ် ဆိုတာကိုတော့ ကဗျာဆရာနဲ့ တိုင်ပင်လိုက်ဦးမယ် :D

  7. ဒီတစ်ခါတော့ မကေဆီကလာတာ။

  8. လိုင်းပြောင်းမယ်ဆို ပြောင်းလေ ထန ထန လာမယ် .. :P :P :P

  9. တောကျောင်းဆရာဆီကနေပဲ အမြဲရောက်တာ။
    ခုလဲ အဲ့ကနေပဲ..။နောက်တခါ ကိုယ့်ဆီကနေပဲ လာတော့မယ်။

  10. အင်း ဟုတ်ပါ့.. hot ဖြစ်စေမယ့် tag တွေ ခေါင်းစဉ်မျိုးတွေ ပြောင်းရေးရင် ကောင်းမလားပဲနော်

  11. ဖြစ်ရမယ်…. အဟဲ :)

  12. သားက တိုက်ရိုက်ဝင်လာတာနော်.
    ဟိုလိုလို ဒီလိုလို keyword တွေနဲ့ မျက်စိလည်ပြီး ၀င်လာတာမဟုတ်ဘူး.
    အမြဲ တိုက်ရိုက်ပဲ…

    သိချင်တာရှိရင်လည်း တိုက်ရိုက်ပဲ ရှာတယ်..
    ဟတ်ဟတ်ဟတ်..

    :)

  13. သူငယ်ချင်း ဖွင့်ထားတာနဲ့ ၀င်ကြည့်ရင်း…
    ကဗျာတွေကိုလည်း သဘောကျလို့….
    ဘာပဲပြောပြော ဒီညတော့ စပ်မိစပ်ရာမှာပဲ အချိန်ကုန်သွားတယ်

  14. စပ်မိစပ်ရာ ကြောင့်မို့လို့ပဲ လိုင်းပြောင်းချင်ပြောင်းလေ
    ဘာမှ……………

  15. တကယ်တော.လဲအားလုံးကြိုက်တာ——— ဒါပါဘဲ။

  16. ဒါကြောင့်ပဲစိတ်ညစ်နေတာ

  17. ပြောင်းသင့်တာ ကြာနေပြီ အခုထိ မပြောင်းသေးဘူး ရှိနေတုန်း ဟွန်း မုန်းစရာ ကောင်းတာ

  18. အဲ့ဒါပါပဲ။

  19. အဲ့ဒါပါပဲ။ သူတို့က အကုန်လုံးခေါ်နေ တာပဲ……..

  20. ဒီလိုမှပဲ လူဝင်မယ်မဟုတ်လား
    ဘာပဲဖြစ်ဖြစ် လူဝင်ကြည့်ဖို့အဓိကပါ

  21. ကောင်းတယ်

  22. နေကောင်းလား
    ကျွန်တော် ကတော. ပရိတ်သက် တစ်ဦးပါ။

  23. နေ့အိပ်မက်တော့ ဘလော့စရေးကတည်းက မြန်မာဝေါ့ပရက်စ်ကနေ ဒီရောက်လာတာ တစ်ခါတည်း လင့်ချိတ်ပြီး တန်းလာတာပဲ… လိုင်းမပြောင်းပါနဲ့ စပ်စိစပ်ရာက တော်တော့်ကိုကောင်းတဲ့ ဘလော့ပါ.. လူသိပ်မလာကြတာက စာတွေပုံမှန်မတင်လို့နဲ့တူပါတယ်…..

  24. ဟဲဟဲ
    လက်ကမြင်းကြည့်တာဘာလဲလို့
    ဒါပါဘဲ

  25. အင်တာနက်

    ပေါ်သူငယ်ချင်းအားလုံး တေ.၇တာအများကြီးဝမ်းသာပါတယ်

    ဒါပါပဲ

  26. မင်းကိုချစ်တယ်

  27. ဘာမှလည်းမမြင်ရဘူး….

  28. ဘာမှလည်းရှိဘူး